ရေကြည်  ၂၆  ဇန်နဝါရီ 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် ၊မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော် (ရေကြည်) ဒုတိယနေ့ကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဆက်လက်ကျင်းပလျက်ရှိရာ ရဲတပ်ဖွဲ့ပြခန်းအား ကလေးများ အထူးစိတ်ဝင်စားကြကြောင်း သိရသည်။

"ကျွန်တော်တို့က ဒီပြခန်းမှာ မှုခင်းများနှင့်ပတ်သက်သည့် ဓါတ်ပုံများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း စနစ်တကျ သိရှိစေရေးအတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က မှုခင်းအသိပညာပေး သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တာတွေ၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အကြောင်းအရာတွေနဲ့ ကလေးအလုပ်သမား ကင်းစင်ပပျောက်ရေး အကြောင်းအရာတွေ လူကုန်ကူးမှု တိုက်ဖျက်ရေး အကြောင်းအရာများကို ပြသထားသော နံရံကပ်စာစောင်နှင့် ဓာတ်ပုံများအား ပြသနည်းပုံစံမျိုးစုံနဲ့ စိတ်ဝင်စားအောင် ဆောင်ရွက်ပေးထားပါတယ်” ယခုလို လေ့လာကြည့်ရှုခြင်းက ကျွန်တော်တို့ကျောင်းသားလူငယ်များအတွက် ပညာဗဟုသုတများစွာရရှိပါတယ်” ဟု စာပေပွဲတော်လာ ကျောင်းသားတစ်ဦးက ပြောကြားခဲ့သည်။

 

‌ေ

 

ဆက်လက်၍မြို့နယ် စခန်းမှူး ဦးဇော်နိုင်ဦးက "အခုလို ကလေးတွေအများကြီး လာရောက်နေတဲ့ အချိန်မှာ ပြသတဲ့အတွက် သူတို့လည်း အသိဉာဏ် တိုးသွားမယ်၊ တချိန်ချိန်မှာ မှုခင်း၊ လူကုန်ကူး အစရှိသည့် ပတ်သက်မှုမျိုး ကြုံတွေ့ခဲ့ရင် ကာကွယ်နိုင်မယ်ဆိုတာတွေ သိရှိအောင် ရှင်းလင်းပြသပေးနေပါတယ်ဟု" ပြောကြားခဲ့သည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်း မှုခင်းများ လျော့နည်းရန်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းစနစ်တကျ သိရှိစေရေးအတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်း အသိပညာပေး ယာဉ်ဖြင့် လာရောက်ပြသပေးလျက်ရှိရာ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများ လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်သူဟန် (ပြန်/ဆက်)