အိမ်မဲ ၃ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာရေးဦးစီးဌာန၊ မြောင်းမြခရိုင်နှင့်အိမ်မဲ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော်(အိမ်မဲ)စာအုပ် စာပေပြပွဲနှင့်စာအုပ်ဈေးရောင်း ပွဲတော်ကို အထက (၁)ကျောင်း၌ နိုဝင်ဘာ (၆/၇) ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများက နိုဝင်ဘာ ၃ ရက် နံနက် ၉ နာရီက စတင်ပြီး ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကိုပွဲတော်ကျင်းပရေးကော်မတီမှတာဝန်ရှိသူများက ကလေးစာပေပွဲတော် (အိမ်မဲ)ဖဲကြိုးဖြတ် ဖွင့်လှစ်မည့်နေရာ၌မုဒ်ဦးတည် ဆောက်ခြင်း၊အိမ်မဲမြို့အဝင်၌ ကလေးစာပေပွဲတော် ကြေငြာလမ်းဖြတ်ဗီနိုင်းများ တပ်ဆင်ခြင်းနှင့်လမ်းဘေး ဓာတ်တိုင်များတွင် ကလေးစာပေပွဲတော်ကြက်လျာစွန်း အလံများတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)


