စစ်ကိုင်း ၁၃ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည့် ကလေးစာပေပွဲတော် ပထမနေ့ကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

 

1

 

အဆိုပါ ကလေးစာပေပွဲတော်တွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) မှ ကျောင်းသား၊ ကျောင်းသူများ အခမဲ့ ရေးဆွဲပေးနေသော လက်ပန်းချီ၊ IBEC သင်ထောက်ကူပြခန်း၊ KID'S SMILE ကိုယ်ပိုင်ကျောင်းမှ သင်ထောက်ကူပြခန်း၊ Team Building Game တွင် ခါးလှည့်ကစားနည်း၊ ခုံဖိနပ်ကစားနည်း၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊  စကားပုံဆက် ကစားနည်းနှင့် စာအုပ်အရောင်းဆိုင်များ ပါဝင်ပြသလျက်ရှိသည်။ 

 

2

 

အဆိုပါ ကလေးစာပေပွဲတော်တွင် စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်း ၁၆ ကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံ ပြည်သူများက ခင်းကျင်းပြသထားသည့် ပြခန်းများကို လေ့လာကြည့်ရှုလျက်ရှိကြောင်း သိရသည်။

 

ခင်ဦးစိုးဝေ(ပြန်/ဆက်)

 

4