ပုသိမ် ၁၇ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှု၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဒေးဒရဲမြို့နယ် စီမံခန်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေ ပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်နှင့်၁၇ ရက်တို့တွင် အ.ထ.က(၁)တွင် ကျင်းပလျက်ရှိသည်။

ယနေ့ဒုတိယနေ့တွင် ခင်းကျင်းပြသထားသော စာအုပ် စာစောင်များကို လာရောက်လေ့လာသူများ၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်၌ လာရောက်ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။ ကလေးစာပေပွဲတော်၊ စာအုပ်ဈေးရောင်းပွဲတော်တွင် ကလေးဖတ်ကာတွန်း၊ ပုံပြင်၊ ဗုဒ္ဓဝင်ရုပ်ပြ၊ ဉာဏ်စမ်း ပဟေဠိ၊ စာအုပ်များနှင့်အတူ လူကြီးဖတ် သုတ ရသစာပေ၊ ရှားပါးစာအုပ်များကို တစ်နေရာ တည်းတွင် ဈေးနှုန်းချိုသာစွာ ရရှိနိုင်ရန်နှင့် စာအုပ်အရောင်းဆိုင်များက အထူးလျှော့ဈေးအစီအစဉ်ဖြင့် လာရောက်ရောင်းချပေးလျက်ရှိသည်။

မြို့နယ်အတွင်းရှိ စာပေဝါသနာရှင် လူကြီးလူငယ်များနှင့်အတူ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ ဆရာမများက မိမိကြိုက်နှစ်သက်ရာ စာအုပ်များကို ဖတ်ရှုလေ့လာ ဝယ်ယူနေကြ၍ စည်ကားလျက် ရှိနေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ- မောင်မောင်မြင့် (ပြန်/ဆက်)