ဒေးဒရဲ ၁၇ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ဒေးဒရဲမြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ကလေးစာပေပွဲတော် (ဒေးဒရဲ) ဒုတိယနေ့ အစီအစဉ်များကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ အ.ထ.က(၁)၌ ဆက်လက်ကျင်းပလျက်ရှိရာ ကလေးစာပေပွဲတော် အားကစားပြိုင်ပွဲများဖြစ်သည့် ပူပေါင်းသယ်၊ ဆန်ကောရွက်၊ ခါးကွင်းလှည့်၊ ဘောလုံးသယ် ကစားနည်းများတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက အမှတ်တရ ဆုလက်ဆောင်များ ချီးမြှင့်ပေးလျက်ရှိကြောင်း သိရသည်။


ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိမြို့နယ် (၂၆) မြို့နယ်တွင် ကလေးစာပေပွဲတော်များကို သက်ဆိုင်ရာ မြို့နယ်အလိုက် အလှည့်ကျ အဆက်မပြတ် ကျင်းပပေးလျက်ရှိပြီး ယနေ့ကလေးစာပေပွဲတော် (ဒေးဒရဲ)သည် တိုင်းဒေသကြီး၏ (၁၁) ကြိမ်မြောက် ပွဲတော်ဖြစ်ကြောင်း၊ ဒေးဒရဲမြို့ အ.ထ.က(၁)၌ ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်များတွင် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပေးသွားမည်ဖြစ်ရာ မည်သူမဆို လွတ်လပ်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရှိရသည်။

အောင်၀င်းနိုင်၊ စိုးမင်းဦး (ပြန်/ဆက်)