ကြံခင်း ၂၈ ဇန်နဝါရီ
ကြံခင်းမြို့ အမှတ်(၁)၊အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည့် ကလေးစာပေပွဲတော်၊ စာအုပ် စာပေပြပွဲနှင့်စာအုပ်ဈေးရောင်းပွဲတော်ကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မှုခင်းအသိ ပညာပေးပြခန်း မော်တော်ယာဉ်ဖြင့် လာရောက်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ မှုခင်းအသိပညာပေးပြခန်းယာဉ်ကို ကြံခင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မင်း ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးရဲတပ် ဖွဲ့မှူးရုံးမှ ရဲအုပ်မျိုးမင်း ဦးဆောင်သော တပ်ဖွဲ့ဝင်များမှ ပွဲတော်သို့လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ပြည်သူများအား မှုခင်းအသိပညာပေး ပြခန်းယာဉ်ဖြင့် မှုခင်းကျဆင်းရေး အသိပညာပေးခြင်းနှင့်မှုခင်းအသိ ပညာပေးလက်ကမ်း စာစောင်များ ဝေငှပေးခဲ့ကြသည်။
မှုခင်းအသိ ပညာပေးပြခန်းမော်တော်ယာဉ်ကို ဇန်နဝါရီ ၂၇ မှ ၂၈ ရက်အထိ ပြသလျက်ရှိကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)