ကျုံပျော် ၆ ဒီဇင်ဘာ
ဇန်နဝါရီလတွင် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပမည့် ကလေးစာပေပွဲတော် (ကျုံပျော်)တွင် Book Club အသင်းမှ ကလေးများ စာပေဗဟုသုတရရှိစေရန် စာပေရသစုံပြခန်းအား ထည့်သွင်းပြသသွားမည် ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့က ဒီကလေးစာပေပွဲတော်မှာ ကလေးတွေ စာပေကိုပိုပြီးစိတ်ဝင်စားအောင် ဗဟုသုတ ရအောင်ဆိုပြီး စာပေဝါသနာရှင်တွေစုပေါင်းပြီး ကဏ္ဍတစ်ခုအနေနဲ့ စာပေရသစုံပြခန်းကို ထည့်သွင်းပြီး ပြသပေးသွားမှာ ဖြစ်ပါတယ်။ ပြခန်းမှာ ကာတွန်း၊ ကဗျာ၊ပန်းချီ၊တစ်မျက်နှာဝတ္ထုတို၊သုတ၊ရသ စာပေ ကောက်နုတ်ချက် စတာတွေကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြင်ဆင်ပြသပေးသွားပါ့မယ်" ဟု ကဗျာဆရာ မောင်မျိုးမင်းက ဆိုပါသည်။
အဆိုပါ ကလေးစာပေပွဲတော်ကို ဇန်နဝါရီလ (၁၀၊ ၁၁) ရက်တို့တွင် အ.ထ.က(၁) ကျုံပျော်၌(၂)ရက်တာ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး၊ မည်သူမဆို လာရောက် ပါဝင်ဆင်နွှဲနိုင်ကြောင်းဖြင့် သိရသည်။
နေဝင်း(ကျုံပျော်)