လွိုင်လင် ၈ ဒီဇင်ဘာ   

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော လွိုင်လင်ခရိုင် ကလေးစာပေပွဲတော် ဒုတိယနေ့ နံနက်ပိုင်းမှစတင်၍ ဖျော်ဖြေရေးအစီအစဉ်များတွင် စည်ကားလျက်ရှိကြောင်း သိရသည်။

ဖျော်ဖြေရေးအစီအစဉ်များတွင် လွိုင်လင်၊ ပင်လုံမှ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ ကိုယ်ပိုင်ကျောင်းများ၊ တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များက တေးသီချင်းသရုပ်ဖော် အကများဖြင့် ကပြဖျော်ဖြေမှုများ၊ စတုဒိသာကျွေးမွေး ဧည့်ခံသူများဖြင့် စည်ကားလျက်ရှိသည်။

မိုးလွင်ဦး(လွိုင်လင်)
ဓာတ်ပုံ- ပြန်/ဆက်