မြောင်းမြ ၅ နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အခြေခံပညာဦးစီးဌာနနှင့် မြောင်းမြခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်(မြောင်းမြ) ဒုတိယနေ့ စည်ကားစွာ ဆက်လက်ကျင်းပလျက်ရှိရာ ရုပ်သေးအကနှင့် မျက်လှည့်ဖျော်ဖြေတင်ဆက်မှုတို့တွင် ကျောင်းသားကျောင်းသူများ စိတ်ဝင်စားမှုများပြားခဲ့လျက်ရှိပြီး စာအုပ်ဈေးရောင်းဆိုင်များတွင်လည်း ရွေးချယ်ဝယ်ယူသူ များပြားလျက်ရှိကြောင်း သိရသည်။

 

mdn

 

ထို့အပြင် ပုံပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင်လည်း ပါဝင်ယှဉ်ပြိုင်ကြကြောင်း၊ ခါးလှည့်၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ အရုပ်ဆက်၊ စကားပုံဆက်ပြိုင်ပွဲများလည်း ဝင်ရောက် ယှဉ်ပြိုင်သူများဖြင့် တိုးမပေါက်အောင် စည်ကားလျက်ရှိကြောင်း သိရသည်။

 

mdn

 

ကလေးစာပေပွဲတော်(မြောင်းမြ)ဒုတိယနေ့ အခမ်းအနားတွင် PREMIER ‌Milk Powder,Cereal  Drink ပရီမီယာနို့ပရီမီယာကွေကာမှ ပြိုင်ပွဲများတွင် ဆုရရှိသူ ကျောင်းသားကျောင်းသူများအား ကွန်ပါဘူး(၄၀) လှူဒါန်းရာ ခရိုင်ပြန်/ဆက်ဦးစီးအရာရှိ နှင့်ဆရာမကြီးတို့က လက်ခံရယူခဲ့သည်။

 

mdn

 

ကလေးစာပေပွဲတော် လာရောက်သူများအားလုံးကို အခမဲ့လှူဒါန်းတိုက်ကျွေးခဲ့ကြသည်။

 

ထို့အတူ Ovaltine အိုဗာတင်းမှလည်း လာရောက်လှူဒါန်းတိုက်ကျွေးခဲ့ပြီး ကျင်းပရေးကော်မတီအဖွဲ့မှ ထမင်းဘူး၊ ရေသန့်နှင့် မုန့်များဝေငှပေးခဲ့ကြောင်း သိရသည်။

 

သတင်း - ခရိုင်(ပြန်/ဆက်)

ဓာတ်ပုံ  - ဝင်းကြိုင်၊ လွှမ်းသီဟ

 

mdn