ပန်းတနော် ၁၃ ဒီဇင်ဘာ       

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် ပန်းတနော်မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော (ကလေးစာပေပွဲတော်) စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ပထမနေ့ကို အမှတ်(၁)  အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့ နံနက်ပိုင်းက စတင်ကျင်းပရာ ပန်းတနော်မြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဒေသခံပြည်သူများနှင့် မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များမှ လာရောက်လေ့လာသူများ၊ ပါဝင်ဆင်နွှဲသူများနှင့် စည်ကားများပြားလျက်ရှိသည်။

 

4

 

အဆိုပါ ကလေးစာပေပွဲတော် ပထမ‌နေ့တွင် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာပေဟောပြောပွဲနှင့် စာပေ ဆွေးနွေးပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ စက္ကူခေါက်၊ အိမ်ဆောက် ကစား နည်းများ၊ ဂိမ်းကစားနည်းများ၊ အားကစားပြိုင်ပွဲများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ ဦးသန့်ပြခန်း၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေး၊ ကွန်ပျူတာ နည်းပညာပြခန်း၊ ဒေသထွက် ပန်းတနော်သင်ဖြူးဖျာနှင့် ကြိမ်ထည်ပြခန်း၊ ကရင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်း၊ ပညာရေးသင်ထောက်ကူပြခန်း၊ အမေ့သားအမှိုက်သိမ်းအဖွဲ့ Recycle လှုပ်ရှားမှုမှတ်တမ်းပြခန်း၊ ရိုးရာခြင်း အလှခတ်ဖျော်ဖြေခြင်းများ၊ ကလေးစာဖတ်ခန်းတို့တွင် ပွဲတော်လာရောက်ကြသော ကလေးငယ်များက ပျော်ရွှင်စွာပါဝင်ဆင်နွှဲပြီး စာအုပ်အရောင်းဆိုင်များတွင်လည်း ဝယ်ယူအားပေးသူများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။

 

5

                                                                                                            

မြို့နယ်(ပြန်/ဆက်)