ရေကြည် ၂၉ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်တက္ကသိုလ်၌ နိုဝင်ဘာ ၃၊ ၄၊ ၅ ရက်တို့တွင် ကျင်းပမည့် ကလေးစာပေပွဲတော်၌ ရေကြည်မြို့နယ်မှ ကျောင်းသား ကျောင်းသူ (၇၅၀)ခန့် ပါဝင်ဆင်နွှဲသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာပေပွဲတော်ကာလအတွင်း ရေကြည်မြို့နယ်မှ နေ့စဉ် လေ့လာသူ (၂၀ဝ)နှင့် ဖျော်ဖြေရေးအဖွဲ့အနေဖြင့် (၅၀)ခန့် သွားရောက်၍ လေ့လာခြင်း၊ ပုံပြောပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခြင်း၊ ဖျော်ဖြေရေး ကဏ္ဍများတွင် ပါဝင်ဆင်နွှဲခြင်း တို့ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ကျေးလက်လူငယ်များ၏ တီထွင်ဖန်တီးမှုများအဖြစ် ရေကြည်မြို့နယ် ပြခန်းကိုလည်း ပြသပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်းအေးထံမှ သိရသည်။
ကလေများ ပျော်ရွှင်ရေး၊ အချင်းချင်း ရင်းနှီးချစ်ကြည်ရေး၊ အသိအမြင် ပွင့်လင်းရေး၊ စာပေဗဟုသုတ ရရှိရေးနှင့် ပျော်ရွှင်ဖွယ် လေ့လာရေးခရီးစဉ်တစ်ခုအဖြစ် အမှတ်ရစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
မင်းဇော်ဦး (ရေကြည်)