mdn

တောင်ငူ ၂ နိုဝင်ဘာ

 

ကလေးငယ်များ စာအုပ်စာပေတွင်မွေ့လျော်ပြီး ရာသက်ပန်ပညာရှာမှီး သူများ ဖြစ်လာစေရန်၊ စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများရရှိလာစေရန်နှင့် ပညာ ဗဟုသုတ ကိုယ်ရည်ကိုယ်သွေးပါပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သော ကလေးစာပေ ပွဲတော် (တောင်ငူ) ပထမနေ့ကို တောင်ငူမြို့ ခပေါင်းခန်းမ၌ နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်ကစတင်ကျင်းပရာ တောင်ငူခရိုင်အတွင်းရှိ (၆) မြို့နယ်မှ ပွဲတော်လာရောက် လေ့လာသူများ၊ ပါဝင်ဆင်နွဲသူများနှင့် စည်ကားများပြားလျက်ရှိသည်။

 

ပွဲတော်ပထမနေ့ စာပေဟောပြောပွဲတွင် စာရေးဆရာဇော်ဇော်က “မိဘကိုစောင့်ရှောက် ချမ်းသာရာသို့ရောက် နှင့် ရိုးသားမှု’’ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ အောင်ခန့်ဖြိုးဝေ(တောင်ငူ)က “ဓမ္မတာကဗျာမျက်ဖြေလွှာစာအမြုတေရတနာ”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဟောပြောဆွေးနွေးခဲ့ပြီး နှစ်တစ်ရာကျော်က တောင်ငူမြို့ မှတ်တမ်းဓါတ်ပုံများ စုစည်းမှုပြခန်း၊ ကျောက်စာပြခန်း၊ အာကာသနှင့် စကြာဝဠာ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများပြခန်း၊ အလင်းသစ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ၂၁ ရာစုသင်ကြားသင်ယူ မှုပြခန်း၊ Myanmar Institute of Business and Technology (MBT) ပြခန်း၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးပြခန်း၊ ကွန်ပျူတာဂိမ်းကစားနည်းပြခန်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ပြခန်း၊ မူးယစ်ဆေးဝါး အသိပညာပေးပြခန်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပြခန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ရှန်တီစေတနာ့ ဝန်ထမ်းအဖွဲ့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်များပြခန်း၊ Electronic Product Show ပြခန်းနှင့်အခြေခံပညာကျောင်းပြခန်းများကိုလည်း ခင်းကျင်းပြသထားရာ ကြည့်ရှုလေ့လာ သူများနှင့် စည်ကားများပြားလျက်ရှိသည်။

 

ထို့ပြင် ကလေးငယ်များအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကရင်၊ ကယား၊ မွန်၊ ရှမ်းနှင့် ပအိုဝ်းတိုင်းရင်းသားတို့၏ ကိုယ်ပိုင်ဘာသာစကားဖြင့် ကဗျာရွတ်နှင့်ပုံပြော၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ အရုပ်ဆက်၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဂိမ်းကစာနည်းများတွင်ပွဲတော်လာရောက်ကြသော ကလေးငယ်များက ပျော်ရွှင်စွာပါဝင်ဆင်နွှဲပြီး စာအုပ်အရောင်းဆိုင်များတွင်လည်း ဝယ်ယူအားပေးသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

 

ကိုသူ (တောင်ငူ ပြန်/ဆက်)

mdn

 

mdn

mdn

 

mdn

 

mdn