နေပြည်တော် ၂၈ အောက်တိုဘာ
အာရှ - ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့် အဖွဲ့အစည်းဖြစ်သည့် Asia Pacific Broadcasting Union (ABU) မှ စီစဉ်ကျင်းပသည့် ကလေးများအတွက် စာမူရေးသားရာတွင် အတွေးအမြင် အယူအဆများဆိုင်ရာ ဆွေးနွေးပွဲ (Developing Script Concepts For Children's Drama) ကို ယနေ့ နံနက် ၉ နာရီက အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပို့ချရာ နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်း ရှစ်ဦး တက်ရောက်ကြသည်။
သင်တန်းတွင် Australian Film Television & Radio School မှ Dr. Pieter Aquilia နှင့် Mr. Peter Herbert တို့က ကလေးဇာတ်လမ်းများ ရေးသားရာတွင် ကလေးများ၏ ကိုယ်ပိုင်ယဉ်ကျေးမှုတွင် ပညာပေးသည့် အစီအစဉ်များဖြစ်ရန် အရေးကြီးကြောင်း၊ ကလေးအစီအစဉ်များ ရေးသားရာတွင် တွေးခေါ်ယူဆမှုများ၊ အသားပေး ဖော်ပြရမည့်အချက်များ၊ Story Idea များအနေဖြင့် လိုက်လျောညီထွေဖြစ်ရန် လိုအပ်ချက်များအားလည်းကောင်း၊ ကလေးဇာတ်လမ်း ရေးသားရာတွင် အကြောင်းအရာများအတွက် လိုအပ်ချက်များ၊ ပါဝင်စေလိုသည့် အချက်အလက်များ ကလေးများအတွက် ဗဟုသုတရရှိစေရန် ထည့်သွင်း ပြသသင့်သည့် အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


