ကလေး ၂၃ ဇွန်
၂၀၁၉-၂၀၂၀ ငါးလုပ်ငန်းရာသီအတွက် ကလေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ဒုတိယအကြိမ် အင်းလေလံနှင့် ပထမအကြိမ် တင်ဒါငါးဖမ်းကွက်များအား လေလံရောင်းချခြင်း အခမ်းအနားကို ဇွန်လ(၂၃)ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး ကလေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးစိုးမြင့်သိန်းမှ "Covod-19 ကာကွယ်ရေးငါးရိက္ခာများ စားသုံးပေး"လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး ငါးစားသုံးခြင်းအားဖြင့် ကိုယ်ခံအားကောင်းမွန်စေကြောင်း၊ ငါးရေရှည်စဉ်ဆက် မပြတ်စားသုံးရန်မှာ ငါးသယံဇာတထိန်းသိမ်းရေးမှာလည်း အဓိကဖြစ်ကြောင်း ငါးရစ်ငါးသန် ကာလများတွင် ငါးဖမ်းဆီးခြင်းမပြုလုပ်ရန် အင်း/တင်ဒါစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ပါကြောင်း သိရှိရသည်။
MDN


