ကလေး၊  ၁၂  ဇန်နဝါရီ

 

ကလေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနက ဇန်နဝါရီလ ၆ ရက်နေ့မှ စတင်ကာ ကလေးခရိုင်အတွင်းရှိ ငါးမွေးကန်များ ဧကစာရင်းမှန်ကန်ရေး အချက်အလက် ကောက်ယူခြင်းနှင့် ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်နှင့် အညီဆောင်ရွက်နိုင်ရေး၊ စုပ်ခွက်ငါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက် ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကလေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်ဝေဝေနှင့်ဝန် ထမ်းများက ကလေးမြို့နယ်အတွင်းရှိ ပြည်တော်သာကျေးရွာ၊ ပျဉ်းခုံကြီးကျေးရွာ၊ ပျဉ်းခုံလေး ကျေးရွာ၊ မောက်လင်းကျေးရွာ၊ သာယာကုန်းကျေးရွာ၊ မင်းလှကျေးရွာ ၊ဒိုးဝိုင်းချောင်းကျေးရွာ၊ အိတ်စွပ်ကျေးရွာ၊ ကလေးဝမြို့နယ်အတွင်းရှိ ဘလက်သာကျေးရွာ ၊ ကြခတ်တောကျေးရွာ၊ တောင်ရွာမကျေးရွာ၊ မြောက် ရွာမကျေးရွာ၊တောင်ခင်ကျေးရွာ၊ ရှမ်းစုကျေးရွာများအတွင်း ငါးမွေးကန်များ စာရင်းအချက်အလက် မှန်ကန်ရေးအတွက် စာရင်းကောက်ယူခြင်း၊ ငါးမွေးမြူရေးနှင့်ပတ်သက်၍ ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်နှင့်အညီဆောင်ရွက်နိုင်ရေးတို့အတွက် ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် တွေ့ဆုံကာ အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပြီး စုပ်ခွက်ငါးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့်ပတ် သက်၍ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေခဲ့ကြသည်။

 

ထန်းဖုန်(ပြန်/ဆက်)