ကလေး ၊ ၁၅ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ခရိုင်ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ယနေ့မွန်းလွဲ ပိုင်းက Oxygen Concentrator (၂)လုံးနှင့်ECG စက်တစ်လုံးဝယ်ယူရန်အတွက် အလှူရှင်များမှ အလှူငွေများလာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ Oxygen Concentrator (၂)လုံးအတွက် ဟောင်ကောင်(၂) ကဖေးဆိုင်မှဦးစိုးထွန်းက ငွေကျပ်(၄၀၀၀၀၀)၊ မင်းကောင်းထက်ကဖေးဆိုင်မှ ဦးဟိန်းစိုးက ငွေကျပ် (၄၀၀၀၀၀)ကျပ်၊ ရွှင်ပျော်ပျော်ကဖေးဆိုင်မှ ဦးကျော်သက်နိုင်က ငွေကျပ်(၄၀၀၀၀၀)ကျပ်နှင့် ကလေးမြို့ သစ်စက်အဖွဲ့မှငွေကျပ်(၂၂၀၀၀၀)ကျပ်ကိုလည်းကောင်း၊ ECG စက်တစ်လုံးဝယ်ယူရန်အတွက် အုတ်လုပ် ငန်းရှင်များမှ ငွေကျပ်(၅၀၀၀၀၀)ကျပ်ကိုလည်းကောင်း ပေးအပ်လှူဒါန်းကြရာ ကလေးခရိုင်ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဌ ဦးခင်မောင်ချိုနှင့်ကော်မတီဝင် များကလက်ခံရယူခဲ့ကြသည်။
အဆိုပါ လှူဒါန်းမှုမှရရှိသည့် Oxygen Concentrator (၂)လုံးနှင့် ECG စက်တစ်လုံးတို့အား ကလေးမြို့ခုတင် ၃၀၀ ဆံ့ဆေးရုံကြီးတွင်အသုံးပြုနိုင်ရန်အတွက် လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)


