ကလေး    ၈   နိုဝင်ဘာ   

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် (ကလေး၊ ကလေးဝ၊ မင်းကင်း) မြို့နယ်များတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးကို ကျင်းပလျှက်ရှိရာ ပြည်သူများအနေဖြင့် မိမိတို့ ရွေးချယ်တင်မြှောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်နိုင်ရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ မဲစတင်ပေးနေကြပြီဖြစ်ကြောင်း သိရသည်။

ကလေးခရိုင်အတွင်းရှိ ကလေးမြို့နယ်တွင် မဲရုံပေါင်း(၁၉၅) ရုံရှိပြီး မဲဆန္ဒရှင်ပေါင်း (၂၈၅၄၀၉)ဦး  ကလေးဝမြို့နယ်တွင် မဲရုံပေါင်း(၆၉)ရုံ ရှိပြီး မဲဆန္ဒရှင်ပေါင်း (၄၄၀၅၈)ဦး မင်းကင်းမြို့နယ်တွင် မဲရုံပေါင်း (၁၃၃)ရုံ ရှိကာ မဲဆန္ဒရှင်ပေါင်း (၈၈၁၂၀) ဦး ရှိကြောင်း သိရသည်။

ညီညီဇော် (ပြန်/ဆက်)