ကောလင်း ၇ နိုဝင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက် ၉ နာရီ က အခြေခံပညာ မူလတန်းအဆင့် မြန်မာစာသတ်ပုံမှန်ရွေးပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့သည်။

 

ကောလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုမောင် က မြန်မာနိုင်ငံ၏  အနာဂတ်မှာ ခေါင်းဆောင်ဖြစ်လာမည့် ကလေးများ၏ ဉာဏ်ရည် ဉာဏ်သွေးနှင့် အယူအဆများ  ထက်မြက်လာစေရန်၊ ကလေးများ၏ တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန်၊ ကလေးများ စာပေနှင့်ရင်းနှီးပြီး စာဖတ်ဝါသနာ ပါလာစေရန်၊ မြန်မာစကားလုံးများနှင့် ရင်းနှီးမှုရှိလာစေရန် ရည်ရွယ်၍ အခြေခံပညာမူလတန်းအဆင့် မြန်မာစာသတ်ပုံမှန်ရွေးပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

 

အဆိုပါ အခြေခံပညာမူလတန်းအဆင့် မြန်မာစာသတ်ပုံမှန်ရွေးပွဲတွင် ကျောင်းသားကျောင်းသူ ၁၂ ဦးနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲတွင်  ကျောင်းသားကျောင်းသူ ၁၄ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဆုရကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များ ဆုချီးမြှင့်ခဲ့ပြီး ယှဉ်ပြိုင်လာကြသော ကျောင်းသား ကျောင်းသူများကို ကျောင်းသုံးဗလာစာအုပ်များ ပေးဝေခဲ့ကြောင်း သိရသည်။

 

မြင့့််ထွန်းမင်း(ပြန်/ဆက်)