ကလေး ၁၃ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးမြို့ စမ်းမြို့ရပ်ကွက်၊ နယ်မြေ(၁၀)နေ ဦးလားလ်အွန် ပွီးယာ (၃၆)နှစ် လက်သမား၏ နေအိမ်တွင် ဇန်နဝါရီ ၁၂ ရက် ည ၇ နာရီ ၁၅ မိနစ်က မီးအားမြှင့်စက် အပူလွန်ကဲရာမှ လူနေအိမ်နှင့်တွဲလျက် ရက်ကန်းစင်ပါ အဆောက်အအုံ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

 

f2

 

ဖြစ်စဉ်မှာ ကလေးမြို့ စမ်းမြို့ရပ်ကွက်၊ နယ်မြေ(၁၀)နေ ဦးလားလ်အွန်ပွီးယာ၏ အလျား ၃၂ ပေ၊ အနံ ၂၄ ပေရှိ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာအမျိုးအစား နေအိမ်တစ်ထပ်နှင့် တွဲလျက် အလျား ၂၄ ပေ၊ အနံ ၁၆ ပေရှိ ရက်ကန်းစင်ပါ အဆောက်အုံသည် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါနေရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်စန်းဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကလေးမြို့နယ်ရဲမှူး ဦးဉာဏ်လှိုင်ဦးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ပြည်သူလူထု ၇၀ ခန့်တို့က မီးသတ်ယာဉ် ငါးစီး၊ ရေသယ်ယာဉ် သုံးစီးတို့ကိုအသုံးပြုကာ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့မှုကြောင့် ည ၇ နာရီ ၂၅ မိနစ်တွင် မီးညွန့်ကျိုးပြီး ည ၇ နာရီခွဲတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးမှာငွေကျပ် ၁၂၃၀ဝ၀ဝ ရှိပြီး လူနှင့် တိရစ္ဆာန် အသက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

 

f3

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကလေးမြို့မရဲစခန်းမှ မီးလောင်မှုဖြစ်စဉ်တွင် တာဝန်ရှိသူ ဦးလားလ်အွန်ပွီးယာအား အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ချင်းတွင်းသား

 

f4