ကလေးမြို့၊ ချမ်းမြသာစည်မြို့နယ်နှင့် လားရှိုးမြို့တို့တွင်  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်     မေ     ၁၇

 

ကလေးမြို့၊ ချမ်းမြသာစည်မြို့နယ်နှင့် လားရှိုးမြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၆ ရက် ညနေ ၆ နာရီတွင် ကလေးမြို့ တာဟန်းရပ်ကွက် ယုဇနလမ်းတွင် မလားရင့်မောယီး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၈ နာရီတွင် ကလေးမြို့ စမ်းမြို့ ရပ်ကွက် နယ်မြေ()ရှိ မလားမှားချွန်နီး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၄ ကီလိုကိုလည်းကောင်း၊ အလားတူ မေ ၁၅ ရက် ည ၁၀ နာရီတွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ် ကန်သာယာ ရပ်ကွက် ၅၆(C)လမ်း၊ ၁၁၂ x ၁၁၃ လမ်းကြားရှိ မအေးရွှေ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၉,၀၀၀ နှင့် အိုက်စ် သုည ဒသမ ၅၇ ကီလိုကိုလည်းကောင်း၊ ထို့အတူ မေ ၁၅ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့ ရပ်ကွက်() နယ်မြေ(၁၆)ရှိ ဝမ်ကျင်းချမ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅,၀၀၀ နှင့် မြန်မာငွေကျပ် ၂ ဒသမ ၅ သိန်းကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)