ကလေး      ၆     ဒီဇင်ဘာ 

  

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခုတင်(၃၀ဝ) ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကာ ကျောက် ကပ်သန့်စင်မှုအတွက် ဆေးကုသမှုခံယူနေကြသော လူနာများအဆင်ပြေစေရေးအတွက် ကျောက်ကပ် သန့်စင်မှု တစ်ကြိမ်လျှင် ဆေးဖိုး (၄၀ဝ၀ဝ) ကျပ် ကောက်ခံခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ(၁) ရက်နေ့မှ စတင်၍ တစ်ကြိမ် အတွက် (၃၀ဝ၀ဝ) ကျပ် သာ ကောက်ခံသွားတော့မည် ဖြစ်ကြောင်း သိရသည် ။

 

15

 

 “ကျောက်ကပ်သန့်စင်မှုအတွက် အမှန်ကုန်ကျတာက (၄၀ဝ၀ဝ) ကျပ်ပါ။ ဆေးရုံကနေပြီးတော့ လူနာ တွေ ငွေကြေးကုန်ကျမှု သက်သာစေရေးရည်ရွယ်ပြီးတော့ (၁၀ဝ၀ဝ) ကျပ်ကို ဆေးရုံက ကျခံပေးတာပါ လူနာရှင်ကတော့ (၃၀ဝ၀ဝ) ကျပ်ကျခံရပါမယ်” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်း က ပြောသည် ။

 

ကလေးမြို့ ပြည်သူ့ဆေးရုံ ကျောက်ကပ်သန့်စင်ဌာနတွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ လူနာအရေ အတွက် (၂၁၈) ဦးအထိရှိခဲ့ပြီး ကျောက်ကပ်သန့်စင်မှု အကြိမ်ပေါင်း (၁၄၅၄) ကြိမ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

42

 

 “ကလေးမြို့ပြည်သူ့ဆေးရုံကြီးက ကျောက်ကပ်သန့်စင်စက်တွေကို စေတနာရှင်ပြည်သူတွေက စုပြီး လှူဒါန်းပေးထားတာပါ ကလေးမြို့ကပြည်သူတွေ ချင်းပြည်နယ်မြောက်ပိုင်းက ပြည်သူတွေ တမူး၊ မော်လိုက် ကလေးဝဘက်က ပြည်သူတွေ ကျောက်ကပ်နဲ့ပတ်သက်ပြီး ဆေးရုံပြကြရတဲ့အခါမှာ ရန်ကုန် မန္တလေးမြို့ကြီး တွေ အထိ သွားပြကြရပါတယ်။ အဆင်ပြေတဲ့သူရှိသလို အဆင်မပြေတဲ့သူတွေရှိတာမို့ ကျောက်ကပ်သန့်စင်စက် ကလေးမြို့ ပြည်သူ့ဆေးရုံမှာရှိသင့်တယ်လို့ ယူဆလို့ စေတနာရှင်တွေစုပြီး ကျောက်ကပ်သန့်စင်စက် ငါးလုံး နဲ့ စက်စပ်တဲ့ပစ္စည်းတွေကို ၂၀၁၇ ခုနှစ်ကစပြီး လှူဒါန်းပေးခဲ့ပါတယ်” ဟု ဆေးရုံကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင် ဦးညီညီ ကပြောသည်။

 

ကလေးမြို့ပြည်သူ့ဆေးရုံရှိ ကျောက်ကပ်သန့်စင်စက်ငါးလုံးကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လူနာများကို အလှည့်ကျစနစ်ဖြင့် ကုသပေးလျှက်ရှိသည်။

 

78501

 

 “ကျောက်ကပ်သန့်စင်လာတဲ့လူနာတွေက တစ်ပတ်ကို နှစ်ကြိမ်ဆေးရတဲ့ လူနာတွေရှိသလို တစ်ပတ် တစ်ကြိမ် ဆေးရတဲ့ လူနာတွေလည်းရှိပါတယ် ကျောက်ကပ်သန့်စင်မှုအတွက် ကုန်ကျစရိတ်က လက်ရှိအနေနဲ့ဆို ရင် (၄၀ဝ၀ဝ) ကျပ် ဖြစ်ပါတယ်။ အဲဒီကုန်ကျစရိတ်က ထိုးဆေးဖိုးတွေ စားဆေးတွေ မပါသေးပါဘူး အားလုံး ပေါင်းလိုက် မယ်ဆိုရင် တစ်ကြိမ်အတွက် (၈၀ဝ၀ဝ) ကျပ်နီးပါးလောက် ကုန်ပါတယ်။ ဒါကြောင့် ငွေကြေး အားနည်း တဲ့လူနာတွေအတွက် အလှူရှင်တွေရှာဖွေပြီး ကုသပေး တာတွေလည်းရှိပါတယ်။ စေတနာရှင်တွေ အနေနဲ့လည်း ကျောက်ကပ်သန့်စင်လူနာတွေအတွက် ဆေးရုံအုပ်ကြီး ကနေဖြစ်ဖြစ် ကျောက်ကပ်ဌာနကို တိုက်ရိုက် ဆက်သွယ်ပြီး ဖြစ်ဖြစ် လူနာတွေအတွက် လှူဒါန်းပေးလို့ရပါတယ်” ဟု ကျောက်ကပ်ဌာနမှ ဆရာမကြီး ဒေါ်နိန်ရှမ်းကျိန် က ပြောသည် ။

 

သျှင်နေမင်း(ဂန့်ဂေါ)