ကလေး၊ ၂၇  ဇန်နဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တိုင်းရင်းဆေးရုံ အထူးကြပ်မတ်ကုဆောင်တွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတစ်ဦးသည် ပြင်းထန်အဆုတ်ရောင် ရောဂါဖြင့် ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက သေဆုံးသွားကြောင်း သိရသည်။

အတည်ပြုလူနာမှာ ကလေးမြို့ ပင်လုံရပ်ကွက် နယ်မြေ(၃)နေ ၆၂ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဇိုမီးလူမှုကူညီရေးအသင်းမှ ဦးဆောင်ကာ ဒိုးဝိုင်းချောင်းသုဿာန်သို့ ပို့ဆောင်မြေမြှုပ်သင်္ဂြိုဟ်ခဲ့ ကြောင်းနှင့် ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၂ ဦးအထိ ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ ၄၅၅ ဦးရှိပြီး ၄၁၂ ဦးမှာ ဆေးရုံဆင်းခွင့်ရရှိကြပြီး သေဆုံးသူ ၁၂ ဦးရှိကာ ကျန်ရှိနေသည့် အတည်ပြု လူနာ ၃၁ ဦးတို့ကို တိုင်းရင်းဆေးရုံနှင့် ပြည်သူ့အငှားအိမ်ရာ အိတ်စွပ်ရှိ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း  သိရသည်။

ထန်းဖုန်(ပြန်/ဆက်)