နေပြည်တော် ၂၄ နိုဝင်ဘာ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ည ၆ နာရီတွင် ကလေးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု၊ နန်းဗဟိုကျေးရွာအနီး၊ ကလေး-တမူးသွားကားလမ်းတွင် ရန်းခိုဂင်မာန် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၇၇ ကီလို၊ မြန်မာငွေကျပ် ၃ သိန်းတို့ကို လည်းကောင်း။
အလားတူ ယမန်နေ့ နံနက် ၅ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ကျိုင်းတုံ-တာချီလိတ်သွားကားလမ်း၊ မယ်ယန်း ပူးပေါင်းစစ်ဆေးရေးဂိတ်အား ရှောင်ကွင်းသွားသည့် ယာဉ်မောင်း(စိစစ်ဆဲ) မောင်းနှင်သော မော်တော်ယာဉ် ၁ စီးကို တာချီလိတ်မြို့နယ်၊ လွယ်စတုံကျေးရွာအဝင် စစ်ဆေးရေးဂိတ်၌ ပိတ်ဆို့စစ်ဆေးစဉ် ထပ်မံမောင်းနှင်ထွက်ပြေးသွားသောကြောင့် လုံခြုံရေးအဖွဲ့က သတိပေးပစ်ခတ်တားဆီးခဲ့ရာ မော်တော်ယာဉ်၏ ရှေ့ဘောနက်နှင့် အင်ဂျင်ခန်းတို့အား ကျည်ထိမှန်ကာရပ်တန့်ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်း၊ ဆက်လက်၍ ယာဉ်အားစစ်ဆေးရှာဖွေရာ ကဖင်း (၁,၀၀၀)ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား