ကလေး  ၁၈  ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် အင်ဒိုင်းကြီးကျေးရွာ အ.ထ.က စာသင်ကျောင်းဆောင် သစ်ကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်မှု ၁၀၀ ရာခိုင်နှုန်းပြီး စီးပြီဖြစ်ပါကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရှိရသည်။

 

အဆိုပါ စာသင်ကျောင်းဆောင်ကို နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံ‌ငွေ ငွေကျပ် ၂၀၉ ဒသမ ၄၀ သန်းဖြင့် အလျားပေ ၁၂၀၊ အနံပေ ၃၀ ၊ အမြင့် ၁၂ ပေ ရှိသော RCC (၂) ထပ် စာသင်ကျောင်း ဆောင်တွင် ရေ၊ မီးနှင့် မိလ္လာများ အပါအဝင်ဆောက်လုပ်ပြီး ဖြစ်ပါကြောင်း၊ အင်ဒိုင်းကြီးကျေးရွာ အ.ထ.က စာသင်ကျောင်းသို့ တက်ရောက်ကျသည့်ကျေးရွာများမှာ အင်ဒိုင်းလေး၊ ကျီးကုန်း၊ နတ်ကြီး ကုန်း၊ မော်လိုက်ကလေး၊ ကျောက်ကာကျေးရွာနှင့် စကခ(၁၀)မှ တပ်ရင်းအဖွဲ့ဝင်မိသားစုများ အပါအဝင် ကျောင်းသား၊ ကျောင်းသူ ၉၇၀ တက်ရောက်လျက်ရှိပါကြောင်း ညွန်ကြားရေးမှူး ဦးအောင်တင်ကျော် က ပြောကြားသည်။

 

အင်ဒိုင်းကြီးကျေးရွာ အ.ထ.က စာသင်ကျောင်းသစ်ဆောက်လုပ်မှုပြီးစီးသည့်အတွက် ကျေးရွာ (၆) မှ အိမ်ထောင်စု ၁၈၃၃ စု၊ လူဦးရေ ၈၇၇၉ ဦးတို့အတွက် အကျိုးပြုမည်ဖြစ်ပါကြောင်း၊ စာသင် ကျောင်း ဆောင် ဆောက်လုပ်ခြင်းလုပ် ငန်းများအား ညွန်ကြားရေးမှူး ဦးအောင်တင်ကျော်သည် အငယ် တန်းအင်ဂျင်နီယာ-၂  ဦးဇော်မင်းထိုက် လိုက်ပါလျက် အရည်အသွေးပြည့်မီမှု ရှိ၊ မရှိ စစ်ဆေးဆောင် ရွက်ပြီး ဖြစ်ပါကြောင်းသိရှိ ရသည်။  

 

မွှေးကြူဇင်