ကလေးမြို့နယ် ဆည်တောကျေးရွာတွင် CERPအစီအစဉ်အရ စိုက်ပျိုးထားသော ဆင်းသုခမိုးစပါး စံကွက်ရိတ်သိမ်း

ကလေး ၁၂ နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ဆည်တောကျေးရွာတွင် CERPအစီအစဉ်အရ စိုက်ပျိုးထားသော ဆင်းသုခမိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက တောင်သူဦးထန်ခုပ်၏ လယ်ကွင်းတွင် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆင်းသုခမိုးစပါးစံကွက်ရိတ်သိမ်းရာတွင် ၁ဧကလျှင် ၁၀၂တင်း ထွက်ရှိလျက်ရှိကြောင်းနှင့် ကလေးမြို့တွင် CERP အစီအစဉ်အရစိုက်ပျိုးထားသော ဆင်းသုခမိုးစပါး ဧက (၉၀)ရှိကြောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

 

ထန်းဖုန်(ကလေး)