ကလေး ၂၀ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာရှိ စတားလေးကျောက်ခဲ စက်ရှိ အလုပ်သမား တန်းလျားသို့ တောမီးမှတစ်ဆင့် ဧပြီ ၂၀ ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်သည့်နေရာသို့ ကလေးခရိုင် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်(၁၄)ဦးမှ ဦးဆောင်၍ မီးငြိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီးဖြင့် ငြိမ်းသတ်နိုင်ခဲ့မှုကြောင့် လူနှင့်တိရစ္ဆာန်များ အသက်ဆုံးရှုံးမှု မရှိခဲ့ကြောင်း သိရသည်။ မီးလောင်မှုသည် တောမီးမှတစ်ဆင့် ကူးစက်လောင်ကျွမ်းခြင်းဖြစ် သောကြောင့် အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။
ကလေးခရိုင်ပြန်/ဆက်