ကလေး၊ ၃ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ မဇ္ဈိမကာရီအဖွဲ့မှ ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီခန့်က ငွေကျပ်(၁၀)သိန်း လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့သို့ လာရောက်လှူဒါန်းရာတွင် ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်က အလှူငွေများ လက်ခံရယူခဲ့ပြီး မဇ္ဈိမကာရီအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့သည်။
ကလေးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် အလှူရှင်များ လာရောက် လှူဒါန်းသော အလှူငွေများ၊ ပစ္စည်းများကို ကိုဗစ်-၁၉ တိုက်ဖျက်ရာတွင်လည်းကောင်း၊ CBFQC များတွင် လည်းကောင်း၊ Home Quarantine ဝင်ရောက်နေသူများအတွက် သော်လည်းကောင်း စနစ်တကျအသုံးပြုလျက်ရှိသည်။ ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါ မပြန့်ပွားရေးအတွက် စေတနာ့ရှင် ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)


