ကလေး ၁၀ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ပျဉ်းခုံကြီးစိုက်ပျိုးရေးစင်တာ နယ်မြေအတွင်းရှိ စပါးစိုက်ခင်းများအတွင်း ပိုးမွှားကျရောက်မှုရှိ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် စိုက်ပျိုးရေးစင်တာမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် ပျဉ်းခုံကြီးစိုက်ပျိုးရေးစင်တာ နယ်မြေအတွင်းရှိ အောင်မြင်သာကျေးရွာ၊ နန်းချောင်းကျေးရွာ၊ ယောက်ချိုကျေးရွာ၊ ကံသာကျေးရွာ၊ ဟံသာကျေးရွာအတွင်း စပါးစိုက်ခင်းများအတွင်း နှံစုပ်ပိုးကျရောက်မှုရှိ/မရှိစစ်ဆေးကာ တက်ရောက်လာကြသည့် တောင်သူများအား ပိုးမွှားနှိမ်နင်းနည်းပညာများ ဆွေးနွေးပေးခြင်း၊ အခက်အခဲတစ်စုံတစ်ရာများ ရှိပါက အချိန်မီ ဆက်သွယ်အကြောင်းကြားနိုင်ရန်အတွက် လိပ်စာကတ်များ ဖြန့်ဝေခဲ့ကြသည်။
ထန်းဖုန်(ပြန်/ဆက်)


