ကလေး ၂၅  အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် CERPအစီအစဉ်ဖြင့်စိုက်ပျိုးသော ဧရာမင်းမိုးစပါး စိုက်ပျိုးကွက်များအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ပျဉ်းခုံကြီး ကျေးရွာနေအခြားတောင်သူများ၏စိုက်ပျိုးကွက်များအား ဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။

 

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဦးရိုကုန်းနှင့် တာဝန်ရှိသူများက ဧရာမင်းမိုးစပါးစိုက်ပျိုးကွက်အတွင်း မျိုးကွဲပါဝင်မှုရှိ/မရှိ၊ ရောဂါ ပိုးမွှား ကျရောက်မှုရှိ/မရှိ စစ်ဆေးပြီး မျိုးကောင်းမျိုးသန့်စပါးများ ထုတ်လုပ်တင်ပို့ရောင်းချ နိုင်ရန်နှင့် အရည်အသွေး ကောင်းမွန်သော သီးနှံများ ထုတ်လုပ်သုံးစွဲနိုင်ရေးအတွက် တက်ရောက်လာကြသည့် တောင်သူများအား မှာကြားခဲ့ကြသည်။

 

၂၀၂၀ ပြည့်နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း CERP အစီအစဉ်အရ ဧရာမင်းမိုးစပါး (၅၁၀)ဧက ၊ဆင်းသုခ(၉၀)ဧက စုစုပေါင်းဧက (၆၀ဝ) တို့ကိုစိုက်ပျိုးခဲ့ကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်း၊ မျိုးစေ့များ အဆင့်အတန်းပြည့်မီစေရန်အတွက် နေ့စဉ်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

 

ထန်းဖုန်(ပြန်/ဆက်)