ကလေး ၂၃ နိုဝင်ဘာ
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ် ပျဉ်းခုံကြီးကျေးရွာတွင် ကိုဗစ်-၁၉ကြောင့်စီးပွားရေး ထိခိုက်မှု အပေါ် သက်သာရေးစီမံချက် (CERP)အစီအစဉ်အရ စိုက်ပျိုးထားသော မိုးစပါးဧရာမင်း စံကွက် ရိတ်သိမ်းခြင်းကို တောင်သူ ဦးကျော်မိုးအောင်၏ လယ်ကွင်းတွင် ယမန်နေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရွာတွင် ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဒေသခံ တောင်သူများ ပူးပေါင်းကာမျိုးစေ့ထုတ် မိုးစပါးစိုက်ခင်း ရိတ်သိမ်းမည့်လယ်ကွက်တွင် စံနှုန်းများ တိုင်းတာ ခြင်း၊ ရိတ်သိမ်းချွေလေ့ထားသော စပါးများ၏ အထွက်နှုန်းတိုင်းတာခြင်းများကို ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ မိုးစပါးဧရာမင်းစံကွက်ရိတ်သိမ်းရာတွင် ဧရာမင်းမျိုးစေ့ထုတ် မိုးစပါး တစ်ဧကလျင် တင်း(၉၀)ထွက်ရှိပြီး ကလေးမြို့နယ်အတွင်း CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး ဧရာမင်း (၅၁၀)ဧက စိုက်ပျိုးလျက်ရှိကြောင်း ကလေးမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။
ထန်းဖုန်(ပြန်/ဆက်)


