ကလေး ၁၈ ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ၂၀၂၀−၂၀၂၁ ပညာသင်နှစ်ဆရာ/ဆရာမများ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ယနေ့ နံနက်ပိုင်းက အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာအလယ်တန်းအဆင့် သတ္တမတန်း(Grade-7) သင်ရိုးသစ်နည်းပြသင်တန်းကို Online Training စနစ်ဖြင့် သင်ကြားပို့ချ ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်ရိုးသစ် သင်တန်းကို အခြေခံပညာဦးစီးဌာနနှင့် ပညာရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်း၍ ရုံးချုပ် မှ Online Training အဖြစ် သင်ကြားပို့ချပေးခြင်းဖြစ်ပြီး ဘာသာရပ် ၆ မျိုးကို တစ်ရက်လျှင် ခြောက်ချိန်နှုန်းဖြင့် ကလေးမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့် သင်တန်း နည်းပြ ဆရာ/ဆရာမ ၈၅ တို့အား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဇွန်လ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့ အထိ နှစ်ရက်ကြာပို့ချပေးသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းပြီးစီးပါက ယင်းသင်တန်းသို့ တက်ရောက်ခဲ့သော သင်တန်းနည်းပြ ဆရာ/ဆရာမများက ပြန်လည်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းကျောင်းအုပ်များ၊ အလယ်တန်းပြဆရာ/ဆရာမများ၊ ကိုယ်ပိုင်ကျောင်းများမှ အလယ်တန်းအဆင့် ဆရာ/ဆရာမ တို့အား ဇွန်လ ၂၃ ရက်နေ့မှ ဇွန်လ ၂၈ ရက်နေ့အထိ တစ်ခန်းလျှင် ၃၀ ဦးနှုန်းဖြင့် Face to Face ဆင့်ပွားသင်တန်းကို ဆက်လက်သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ကလေး(ပြန်ဆက်)