ကလေး၊ အောက်တိုဘာ ၁၁

 

စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ယမန်နေ့ညနေပိုင်းက တပ်မတော်ပိုင် လေယာဉ်ဖြင့် ကလေးမြို့လေဆိပ်သို့ တရုတ်နိုင်ငံမှထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)အလုံးရေ (၃၅၀၀၀) ရောက်ရှိခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ကလေး)မှ တာဝန်ရှိသူများနှင့် ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရသည်။

 

ယခုရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကလေးမြို့နယ်အတွက် ဆေးပုလင်း (၉၅၀၀)လုံး၊ ကလေးဝမြို့နယ်အတွက် ဆေးပုလင်း (၅၅၀၀)လုံး၊ မင်းကင်းမြို့နယ် အတွက် ဆေးပုလင်း (၄၀၀၀) ၊ တမူးမြို့နယ်အတွက် ဆေးပုလင်း (၇၀၀၀) ၊ မော်လိုက်မြို့နယ်အတွက် ဆေးပုလင်း(၄၀၀၀) နှင့် ဖောင်းပြင်မြို့နယ်အတွက် ဆေးပုလင်း (၅၀၀၀)  တို့ကို ကလေးမြို့ပြည်သူ့ဆေးရုံအအေးခန်းမှတစ်ဆင့် ဆက်လက် ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်းသိရသည်။

 

အဆိုပါကာကွယ်ဆေး (Sinopharm)များသည် ကာကွယ်ဆေးတစ်လုံးလျှင် လူ(၅)ဦးနှုန်း ဖြင့် လူဦးရေ (၁၇၅၀၀၀)ကို ထိုးနှံးပေးနိုင်မည်ဖြစ်ပြီး ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသည့် အသက်(၅၅)နှစ်နှင့်အထက် ရှိသူများအား ဒုတိယအကြိမ်ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေးအတွက် ရောက်ရှိခြင်းဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။   

 

မောင်ကျော်(ပြန်/ဆက်)