ကလေး ဧပြီ ၅
စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားသည့် မြန်မာအမျိုးသား လေကြောင်း ခရီးစဉ်များကို ဧပြီ ၈ ရက်မှ စတင်၍ ပြန်လည်ပြေးဆွဲ ပျံသန်းတော့မည်ဖြစ်ကြောင်း ကလေးမြို့ မြန်မာ့လေကြောင်းဦးစီးဌာန(MNA)မှ သိရသည်။
မြန်မာအမျိုးသားလေကြောင်း ခရီးစဉ်များကို အပတ်စဉ် တနင်္လာ၊ အင်္ဂါနှင့် သောကြာနေ့များတွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။ လေယာဉ်လက်မှတ် ဈေးနှုန်းများမှာ ကလေး-ရန်ကုန် ငွေကျပ် ၁၄၈၀၀၀၊ ရန်ကုန်-ကလေး ငွေကျပ် ၁၅၀၀၀၀၊ ကလေး-မန္တလေး ငွေကျပ် ၁၀၄၀၀၀ နှင့် မန္တလေး-ကလေး ငွေကျပ် ၁၀၆၀၀၀ ကျသင့်မည်ဖြစ်ပြီး လက်မှတ်များကို မြန်မာအမျိုးသား လေကြောင်းရုံးနှင့် အခြား လက်မှတ်အရောင်း ကိုယ်စားလှယ်များထံတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
မောင်ကျော်(ပြန်/ဆက်)