ကလေး  ၁၁ ဒီဇင်ဘာ

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်းစာရင်းကောက်ယူရေး (ခရိုင်အဆင့်) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကလေးခရိုင်၊ကလေးမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် ခရိုင်ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီဥက္ကဌ ဦးခင်မောင်ချိုက အဖွင့်အမှာစကား ပြောကြားသည်။

 

963

 

ထို့နောက် ခရိုင်ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီ အတွင်းရေးမှူး ဦးခင်မောင်သန်းက ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းများနှင့် ပတ်သက် ၍အသေးစိတ် ရှင်းလင်းတင်ပြကာ စာရင်းကောက်ယူရေးလုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးတွင်အရေးပါသည့် လုပ်ငန်းဖြစ်သည့်အတွက် ဒေသရှိဌာနဆိုင်ရာတာဝန်ရှိသူများ ရပ်ကျေး သန်းခေါင်စာရင်း ကော်မတီဝင်များ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

အဆိုပါ သင်တန်းတွင် ခရိုင်အတွင်းရှိ ကလေးမြို့နယ်မှ သင်တန်းသား(၂၃)ဦး၊ ကလေးဝ မြို့နယ်မှ လေးဦး၊ မင်းကင်းမြို့နယ်မှ ခုနစ်ဦး စုစုပေါင်း(၃၄)ဦးတို့အား သင်တန်းနည်းပြ စာရင်းစစ် နှစ်ဦးတို့က ဒီဇင်ဘာ ၁၁ ရက်နေ့မှ ၂၁ရက်နေ့အထိ သင်တန်းပို့ချပေးသွားမည်ဖြစ်ရာ ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ကောက်ယူသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

 

သန်းထိုက်အောင်(ပြန်/ဆက်)