ကလေး   ၃၁   အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခုတင်(၃၀၀)ဆံ့ ဆေးရုံကြီး(တိုင်းရင်းဆေးရုံ)တွင် ဆေးကုသမှုခံယူ နေသည့် ကိုဗစ်-၁၉ အတည်ပြုလူ (၃)ဦးတို့သည် ဆေးရုံဆင်းသတ်မှတ်ချက်များအရ ကျန်းမာရေး ကောင်းမွန်သောကြောင့် ယနေ့ နံနက် ၁၀ နာရီခွဲက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အတည်ပြုလူနာ(၃)ဦးတို့မှာ ကလေးမြို့ အောင်သစ္စာရပ်ကွက်နယ်မြေ(၃)နေ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ဖြစ်ကြပြီး ကလေးမြို့ ခုတင် ၃၀၀ ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မျိုးဝင်းနှင့် တာဝန်ရှိသူများက ဆေးရုံဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြပြီး ဆေးရုံဆင်းပြီးနောက် လိုက်နာရမည့်အချက်များကို တိကျလိုက်နာစေရန် မှာကြားခဲ့ကြသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံရသည့်အတည်ပြုလူနာ စုစုပေါင်း (၆၆)ဦးရှိရာ (၄၂)ဦးမှာ ဆေးရုံဆင်းခွင့်ရရှိကြပြီး ကျန်ရှိနေသည့်အတည်ပြုလူနာ (၂၄)ဦး တို့ကို ကလေးမြို့ခုတင်(၃၀၀)ဆံ့ဆေးရုံကြီး တိုင်းရင်းဆေးရုံ၌ ဆေးကုသမှုခံယူစေကြောင်း သိရသည်။

ထန်းဖုန်(ပြန်/ဆက်)

 

 123102219_383750