ကလေး၊ စက်တင်ဘာ ၂၃

           

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးနှင့် ကာကွယ်ဆေးများ(Sinopharm)ဆက်လက်ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ နယ်မြေ၊ ရပ်ကွက်များအလိုက် ထိုးနှံရမည့်သတ်မှတ်စုရပ်နေရာများဖြစ်သည့် မြို့နယ်၏ စုပေါင်းရုံးနှင့် မြို့တော်ခန်းမတို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ ပြည်သူ့ကျန်းမာရေးဌာနမှဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုနှံပေးရာ သတ်မှတ်အုပ်စုများတွင် ကာကွယ်ဆေး မထိုးနှံရသေးသည့် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ အသက် ၅၅ နှစ်နှင့် ၆၄ နှစ် အတွင်းရှိပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများ၊ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီး ဒုတိယအကြိမ်ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများကို စက်တင်ဘာ ၂၁ ရက်မှစ၍ စက်တင်ဘာ ၂၈ ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အတွင်း ထိုးနှံးပေးလျှက်ရှိရာ စက်တင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်နေ့တွင် ၂၈၃၁ ဦး တို့ကို ထိုးနှံပေးခဲ့ပြီး ယနေ့တတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

 

မောင်ကျော်(ပြန်/ဆက်)