ကလေး၊ စက်တင်ဘာ ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးနှင့် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေ၊ ရပ်ကွက်များအလိုက် ထိုးနှံရမည့် သတ်မှတ်စုရပ်နေရာများအား သံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာ သတ်မှတ်အုပ်စုများတွင် ကာကွယ်ဆေး မထိုးနှံရသေးသည့် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ အသက် ၅၅ နှစ်နှင့် ၆၄ နှစ် အတွင်းရှိပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါရှိသူများ၊ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများကို စက်တင်ဘာ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အတွင်း ထိုးနှံးပေးမည်ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးရာ သတ်မှတ်စုရပ်နေရာဖြစ်သည့် မြို့နယ်စုပေါင်းရုံတွင် ညောင်ပင်သာရပ်ကွက်၊ မြို့သာရပ်ကွက်၊ အောင်မြေမာန်ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်သစ္စာရပ်ကွက်၊ အောင်ဇေယျရပ်ကွက်နှင့် အောင်မတ္တာရပ်ကွက်၊ မင်္ဂလာဥယျာဉ်ရပ်ကွက်တို့ကိုလည်းကောင်း၊ မြို့တော်ခန်းမစုရပ်တွင် ချမ်းမြေ့အောင်စည် ရပ်ကွက်၊ ပင်လုံရပ်ကွက်၊ တပ်ဦးသီတာရပ်ကွက်၊ သဇင်ရပ်ကွက်နှင့် စမ်းမြို့ရပ်ကွက်၊ တာဟန်းရပ်ကွက်၊ တောင်ဖီလာရပ်ကွက်၊ လှိုင်သာယာရပ်ကွက်၊ တောင်ဇလပ်ရပ်ကွက်၊ ကြို့သုံးပင်ရပ်ကွက်၊ မြို့လှရပ်ကွက်နှင့် အင်ဒိုင်းကုန်းရပ်တို့သည် သက်ဆိုင်ရာရပ်ကွက် စုရပ်များတွင် မှတ်ပုံတင်(သို့မဟုတ်) အိမ်ထောင်စုစာရင်းအားယူဆောင်၍ စာရင်းပေးသွင်းပြီး ကာကွယ်ဆေးများ ထိုးနှံနိုင်ကြောင်းသိရသည်။

 

မောင်ကျော်(ပြန်/ဆက်)