ကလေး ၁၁ ဇွန်
ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကလေးမြို့ပေါ်ရှိ Community Based Facility Quarantine Centre အဖြစ် ထားရှိခဲ့သည့် အခြေခံပညာကျောင်းများအား ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းအား ကလေးမြို့ပေါ်ရှိ Quarantine Centre အဖြစ် ထားရှိခဲ့သည့် အထက(၁)နှင့် အထက(၈)ကျောင်း နှစ်ကျောင်းရှိ ကျောင်းဆောင်များ၊ စာသင်ခန်းများ၊ စာရေးခုံများ၊ တံခါးလက်ကိုင်များ၊ ဝရန်တာများ၊ ကျောင်းဝင်းအတွင်း အသွားအလာ ကန့်သတ်ထားသည့်နေရာများ၊ ရေအိမ်များကို မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သန်းထိုက်အောင်(ပြန်/ဆက်)


