ပွင့်ဖြူ  ၂  နိုဝင်ဘာ      

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ COVID–19  ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း စာသင်ကျောင်းများ ပိတ်ထားရသဖြင့် မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေရန်နှင့် ကဗျာရွတ်ဆိုမှုစွမ်းရည် တိုးတက်စေရန် ရည်ရွယ်၍ ကျောင်းနေအရွယ် ကလေးများကို ဖိတ်ခေါ်၍ မြို့နယ်ပြည်သူ့ စာကြည့်တိုက် (Online Page) မှ တစ်ဆင့် ကဗျာရွတ်ဆိုခြင်း အစီအစဉ်အား စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ပေးလျက်ရှိရာ နိုဝင်ဘာ ၂ ရက်၊ ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကဗျာရွတ်ဆိုခြင်း အစီအစဉ်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ်ရှိ ဆရာမများနှင့် ပူးပေါင်းပြီး ကျောင်းနေအရွယ် ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးစေရန်နှင့် ကဗျာရွတ်ဆိုမှုစွမ်းရည် တိုးတက်စေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း မြို့နယ်ပြည်သူ့စာကြည့်တိုက် (Online Page)မှ တစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင် က ပြောသည်။

 

ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ (အ.ထ.က)ကျောင်းမှ စတုတ္ထတန်းကျောင်းသူ မဆုပြည့်ရတနာဖြိုး က  ကဗျာဆရာ မောင်နိုင်လင်း(ကောလင်း) ရေးသားသည့် “ပန်းပွင့်ပန်းချီ ကဗျာအား ကျောင်းနေအရွယ်ကလေးများ လေ့လာကြည့်ရှုနိုင်ရန် ရွတ်ဆိုတင်ဆက်ပေးခဲ့ကြောင်း သိရသည်။   အဆိုပါ ကဗျာရွတ်ဆိုခြင်း အစီအစဉ်ကို မြို့နယ်ပြည်သူ့စာကြည့်တိုက် (Online Page)မှ တစ်ဆင့် ကလေးငယ်များ လေ့လာနိုင်ရန် ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ သိရသည်။

ရဲဝင်းနိုင် (ပြန်/ဆက်)