ကျောက်ဖြူ ၁၇  ဇွန် 

    

ကျောက်ဖြူမြို့ သန္တာမြေဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အခြေခံပညာမူလတန်းကျောင်း(၇)ကျောင်းအား အမှိုက်ပုံး၊ အမှိုက်ဂေါ်ပြားနှင့်တံမြက်စည်းများလှူဒါန်းပွဲ အခမ်းအနားကို ယနေ့၊ မွန်းလွဲ(၂)နာရီအချိန်က ကျောက်ဖြူမြို့၊ ဗိုလ်ချုပ်လမ်းနှင့်ဖြတ်လမ်း(၂)ရှိ Summit Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

mdn

    

အခမ်းအနားကို သန္တာမြေဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းက အမှိုက်ပုံး၊ အမှိုက်ဂေါ်ပြားနှင့် တံမြက်စည်းများ လှူဒါန်းရခြင်းရည်ရွယ်ချက်အားလည်းကောင်း၊ သန္တာမြေဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း နာယက ဒေါ်တင်တင်အုန်း(မြို့နယ်ပညာရေးမှူး-ငြိမ်း)က တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေးအတွက် အသိပညာပေးဟောပြောခဲ့သည်။ 

ဆက်လက်၍ အခြေခံပညာမူလတန်းကျောင်း (၇) ကျောင်းဖြစ်ကြသန့်ရှင်းရေးကိုယသော အောင်မြေသာ(အ.မ.က)၊ လေတာပြင်(အ.မ.က-ဂုံးချွိန်)၊ အင်းကြီးနား(အ.မ.က)၊ ကျောက်တင်ဆိပ်(အ.မ.က)၊ အမှတ် ၅၄၂ ခြေမြန်တပ်ရင်းကျောင်း(အ.မ.က)၊ ဝတ်ဆံ(အ.မ.က)၊ အ.လ.က(ခွဲ) အုန်းတောကျောင်း တို့အား ကျာင်း တစ်ကျောင်းလျှင် အမှိုက်ပုံး (၂)ပုံး၊ အမှိုက်ဂေါ်ပြား(၁)ခု နှင့်တံမြက်စည်း(၂)ချောင်းစီ လှူဒါန်းပေးအပ်ခဲ့ကြသည်။ 

    

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးစောဝင်းက ကျောင်းအုပ်ကြီးများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့သည်။ 


ယင်းသို့ လှူဒါန်းရခြင်းမှာ ကလေးငယ်များ မူလတန်းမှစတင်ကာ အမှိုက်ကို စနစ်တကျစွန့်ပစ်တတ်ရန်၊ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ငယ်စဉ်ကတည်းက ပြုမူတတ်ရန်၊ ကစားပြီး၊ စားပြီးအမှိုက်များကို အမှိုက်ပုံများသို့ စနစ် တကျသွားရောက်  စွန့်ပစ်တတ်စေရန်ရည်ရွယ်၍ လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။
                                        

ဖြိုးဝေလင်း(ပြန်/ဆက်)