ကလေးဖွံ့ဖြိုးကြီးထွားတာကို အထောက်အကူပြုနိုင်တဲ့ ပျော်ရွှင်စရာလှုပ်ရှားမှုများ နေ့စဉ်လုပ်ဆောင်နေတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ကလေးတွေအတွက် အဘက်ဘက်ကနေ အကျိုးပြုနေပါတယ်။ မိဘတွေက ကလေးငယ်ရဲ့လှုပ်ရှားမှုတွေနဲ့ ဆော့ကစားတဲ့အခါမျိုးတွေမှာ အတူပါဝင်ဆောင်ရွက်ပေးခြင်းက ကလေးရဲ့လှုပ်ရှားမှုကို ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။ ကလေးလေးတွေက သူတို့နှစ်သက်တဲ့ လှုပ်ရှားမှုတွေကို အခြားအရာတွေထက်ပိုမိုလုပ်ဆောင်ချင်စိတ်ရှိတတ်ပါတယ်။ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ပျော်မွေ့လာတဲ့အခါ ကလေးရဲ့လုပ်ဆောင်နိုင်မှုစွမ်းရည်ကလည်း တဖြည်းဖြည်းနဲ့ကောင်းမွန်လာမှာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေကို ကလေးရဲ့နေ့စဉ်ဆော့ကစားမှုတွေမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ထည့်သွင်းနိုင်သလို တော်တော်ငယ်ငယ်အရွယ်လောက်မှာကတည်းက သင်ကြားပေးလို့ ရနေပြီဖြစ်ပါတယ်။
ကလေး ၂ နှစ်ခွဲ နဲ့ ၃ နှစ်အရွယ်လောက်မှာဘာတွေလုပ်နိုင်ပြီလဲ။
ကလေးတွေဟာ အသက် ၂ နှစ်ခွဲအရွယ်ရောက်တဲ့အခါ –
• ကောင်းကောင်းပြေးနိုင်နေပြီ၊
• ကစားစရာတွေပေါ် တက်တတ်၊ဆင်းတတ်ပြီ၊
• ဇွန်းကိုင်ပြီး ကိုယ်တိုင်စားနိုင်ပြီ၊ ခွက်ကိုင်ပြီး ကိုယ်တိုင်သောက်နိုင်ပြီ။
• ဦးတည်ချက်မှန်အောင် မချိန်ရွယ်နိုင်သေးပေမယ့် ဘောလုံးလိုမျိုး ခပ်ပျော့ပျော့အရာတွေကို ကန်တတ်ပြီ၊
• လှေကားတက်တတ်ပြီ၊
• ပစ်ချင်တဲ့နေရာကို ရောက်အောင်ဘောလုံးကို ပစ်တတ်ပြီ၊
• ကိုယ်တိုင် အဝတ်လဲနိုင်ဖို့ စသင်ယူနိုင်နေပြီ၊
ကလေးတွေ ၃ နှစ်သားအရွယ် ရောက်လာတဲ့အခါ
• တစ်ယောက်တည်း လှေကားတွေလည်းတက်နိုင်ဆင်းနိုင်ပြီ၊
• ကလေးစက်ဘီးလို မျိုးခြေထောက်နဲ့နင်းပြီး စီးရတာတွေကို စစီးတတ်ပြီ၊
• ဟန်ချက်ညီညီ လမ်းလျှောက်တတ်ပြီဖြစ်သလို ခြေဖျားထောက်ပြီး လမ်းလျှောက်တတ်ပြီ၊
• ဘောလုံးကိုအားနဲ့ ကန်နိုင်ပြီ၊
• ဘောလုံးကိုပစ်နိုင်ပြီဖြစ်သလို လက်နှစ်ဖက်နဲ့လည်း ဖမ်းနိုင်နေပြီ၊
• အိမ်သာမှာ အညစ်အကြေးစွန့်ဖို့ စတင်သင်ယူနေပြီ၊
• ခရင်းတွေ၊ ဇွန်းတွေနဲ့ ကိုယ်တိုင်စားသောက်တတ်ပြီ၊
ကလေးတွေကြီးထွားဖွံ့ဖြိုးစေဖို့ မိဘတွေကဘာတွေလုပ်ဆောင်ပေးမလဲ။
ကလေးကို ကိုယ်တိုင်ဖြုတ်ရ၊တပ်ရတဲ့အရုပ်တွေနဲ့ ပေးဆော့ပါ။ အရုပ်ဆက်ရတဲ့ ကစားနည်းမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ပါးစပ်နဲ့ နှာခေါင်းထဲဝင်လောက်အောင် သေးတဲ့အရွယ်မျိုးမဖြစ်ဖို့တော့ ဂရုပြုပါ။
ကလေးကို အိမ်ပြင်ပမှာ ဆော့ကစားဖို့ အချိန်များများပေးပါ။ ကလေးကိုပန်းခြံတွေကိုခေါ်သွားပြီး လွတ်လွတ်လပ်လပ်ပေးဆော့တာမမျိုး ကမ်းခြေကိုခေါ်သွားပြီးသောင်ယံမှာ သဲကျင်းပေးတူးတာလိုမျိုးခြံထဲမှာဘောလုံးပေးကန်တာလိုမျိုးရေနဲ့ပေးဆော့တာလိုမျိုးပေးဆော့ပေးပါ။
သူတို့လေးတွေကို ကိုယ်တိုင်စူးစမ်းလေ့လာခွင့်ပေးပါ။ သူတို့လေးတွေက ကိုယ်ကိုယ်ကိုယ်ဘေးကင်းအောင် မထိန်းသိမ်းနိုင်သေးဘူးဆိုတာ ကိုတော့သတိရပါ။
မိသားစုနဲ့အတူ လမ်းလျှောက်ထွက်ပေးပါ။ လမ်းလျှောက်တာ၊ ပြေးတာ၊ ခပ်ရွရွလေးပြေးတာ နဲ့ ချီတက်လမ်းလျှောက်သလိုမျိုးတွေ လျှောက်ပေးတာမျိုး လုပ်ဆောင်လို့ရပါတယ်။ လမ်းလျှောက်နေတုန်း လမ်းတလျှောက်မှာတွေ့ရတဲ့ ငှက်မွှေးတောင်လေးတွေ၊ သစ်ရွက်လေးတွေကို စုဆောင်းတာကို စတင်လုပ်ဆောင်ပါ။ အိမ်ထဲမှာလည်း အလံတွေကိုင်ဆောင်ပြီးပဲဖြစ်ဖြစ်တေးဂီတ ကိရိယာတွေတီးမှုတ်ပြီးတော့ပဲဖြစ်ဖြစ် ချီတက်သလိုမျိုး ကစားပေးပါ။
သဲပုံးထဲမှာ ကစားတာကိုအားပေးပါ။သေတ္တာပုံး အလွတ်တစ်ခုထဲကို သဲတွေ၊ အရုပ်တွေထည့်ပေးထား ပြီးပေးဆော့ပါ။ ကလေးကို ပစ္စည်းတွေကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်တတ်လာစေမှာဖြစ်ပါတယ်။
ခြံထဲမှာရေနဲ့ပေး ကစားပါ။ခြံထဲမှာ ကလေးကစားတဲ့ ရေကန်၊မြက်ခင်းရေဖျန်းတဲ့ရေပန်း၊ ပန်းပင်ရေလောင်းတဲ့ ရေပိုက်တွေထားရှိပေးပြီး ကလေးကိုပေးဆော့ပါ။ ထိုကဲ့သို့ပေးဆော့တာက ကလေးရဲ့ရေထဲကိုဖြတ်ပြေးတာမျိုး၊ ရေထဲမှာပြေးလွှားတာမျိုးတွေ လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။
ဧည့်ခန်းထဲမှာဖြစ်ဖြစ်၊ နောက်ဖေးခြံဝင်းထဲမှာဖြစ်ဖြစ် ကူရှင်တွေ၊ ကတ်ထူစက္ကူပုံးတွေ၊အရုပ်တွေနဲ့ အခြားသောအရာတွေကို အသုံးပြုပြီး တွယ်တက်ကစားလို့ရမယ့်အနေအထားမျိုးဖန်တီးပေးပါ။
ပုံစံတူလိုက်လုပ်ရတဲ့ ဂိမ်းတွေကစားပေးပါ။ ကလေးလေးတွေက တိရစ္ဆာန်တွေကို တအားသဘောကျတတ်ကြတာကြောင့် သင့်အနေနဲ့ ကြက် တစ်ကောင်လိုမျိုး လမ်းလျှောက်ပြတာ၊မြင်းလိုမျိုး ကဆုန်ပေါက်တာ၊ ခွေးပေါက်လေးလိုမျိုးလုပ်ပြတဲ့ ကစားနည်းမျိုးတွေ ကစားပေးပါ။ခြံထဲမှာ ကလေးကိုလေယာဉ်ပျံ ပျံတယ်ဆိုပြီး လက်နှစ်ဖက်ကိုဆန့်တဲ့အနေအထားနဲ့ ပျံဝဲတဲ့ ပုံစံမျိုး ပတ်ပြေးစေတာမျိုး နဲ့ အိမ်ထဲမှာလှေလှော်တယ်ဆိုပြီး ကစားတဲ့ကစားနည်းတွေ ပေးကစားပါ။
ကလေးကို ထိတွေ့ကစားရတဲ့ ကစားနည်းအသစ်တွေနဲ့ မိတ်ဆက်ပေးပါ။ ဥပမာကျောက်ရုပ်ကျောက်ဖျက်က စားတာမျိုးပေါ့။
ဘောလုံးနဲ့ပေး ကစားပါ။ကန်တာ၊ပစ်တာနဲ့ဖမ်းတာမျိုးတွေ ကစားနည်းတွေပေးကစားပါ။ ကလေးကို စည်းကမ်းတွေ တအားတင်းကျပ်တာမျိုးမလုပ်ပါနဲ့။
သီချင်းနဲ့အတူ ကတ်အောင်လုပ်ဆောင်ပေးပါ။ကလေးကိုဂီတအမျိုးအစား အမျိုးမျိုးနဲ့ပေးထိတွေ့ပါ။ ဂီတတူရိယာတွေနဲ့ပေးကစားစေတာကလည်း ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုတိုးတက်မှုကို တိုးတက်စေပါတယ်။ ကလေးကို ဂီတစည်းချက်နဲ့အတူ လှုပ်ရှားတတ်အောင်လေ့ကျင့်ပေးတာကလည်း ကလေးရဲ့လှုပ်ရှား မှုစွမ်းရည်ကိုတိုးတက်ကောင်းမွန်စေပါတယ်။
ဟန်ချက်ညီစေမယ့် ကစားနည်းတွေကစားပေးပါ။ မြေပြင်ပေါ်မှာကြိုးတစ်ချောင်းချထားပြီး မိမိက ကြိုးနဲ့တုပ်ခံထားရသလိုမျိုး (သို့) ပင်လယ်ဓါးပြလှေရဲ့ပျဉ်ချပ်ပေါ်မှာ ရှိနေသလိုမျိုး သဏ္ဍန်တူအောင်လုပ်ဆောင်ပြီး ဟန်ချက်ညီအောင်လုပ်ဆောင်ပါ။
ကလေးနဲ့အတူတူ ကားတွေ၊ဆိုင်ကယ်တွေရေဆေးတာ။ခွေးရေချိုးပေးတာမျိုး လုပ်ဆောင်ပါ။ ထိုသို့လုပ်ဆောင်တဲ့အခါမျိုးမှာ အသုံးပြုရတဲ့ ဆပ်ပြာမြှုပ်တွေနဲ့ရေတွေက ကလေးငယ်ကိုပျော်ရွှင်စေမှာဖြစ်ပါတယ်။ ဆပ်ပြာပူဖောင်းတွေကိုမှုတ်ထုတ်ပြီး ကလေးကိုလိုက်ဖမ်းခိုင်းပါ။
မိမိငယ်စဉ်က ကစားခဲ့တဲ့ကစားနည်းတွေ ကလေးကိုပေးကစားပါ။ မိမိကလေးဘဝက ကစားခဲ့တဲ့ စိန်ပြေးလိုက်တမ်း၊ တူတူပုန်းတမ်းနဲ့ ထုပ်စီးထိုးတမ်းကစားတာမျိုးတွေ၊ရွှေစွန်ညိုကစားတာ၊ ကုန်းလားရေလား ကစားတဲ့ကစားနည်းမျိုးတွေပေးကစားပါ။
ရုပ်သေးရုပ်လေးတွေနဲ့ ပြဇာတ်လိုမျိုးလုပ်ပြပါ။ မိမိက စားပွဲခုံနောက်ဘက်မှာ ထိုင်ချပြီး လက်ထိုးရုပ်လေးတွေ အရုပ်လေးကိုအသုံးပြုပြီး သရုပ်ဖော်တင်ဆက်ပြတဲ့ပုံစံမျိုးလုပ်ပေးပါ။
ပန်းချီစားပွဲမဟုတ်တဲ့နေရာမှာ ကလေးကို ရုပ်ပုံတွေရေးဆွဲစေခြင်းဖြင့် လှုပ်ရှားမှုစွမ်းရည်တိုးတက်အောင် လုပ်ဆောင်ပါ။ ကလေးကို စားပွဲမှာထိုင်ပြီး ပုံတွေကိုမြေဖြူနဲ့ရေးဆွဲစေမယ့်အစား အပြင်ဘက်ကမြေပြင်တွေ သဲတွေထဲမှာ တုတ်ချောင်းကိုသုံးပြီး စာလုံးတွေရေးခြစ်တာနဲ့ အိမ်ထဲမှာပဲ ဂျုံမှုန့်တွေပြောင်းမှုန့်တွေပေါ်မှာ လက်ချောင်းလေးတွေသုံးပြီးပဲဖြစ်ဖြစ် တုတ်ချောင်းကိုသုံးပြီးပဲဖြစ်ဖြစ်ပုံဖော်ရေးဆွဲတာစေတာမျိုး လုပ်ဆောင်ပေးပါ။
ကလေးကို စက်ဘီးစီးတတ်အောင်သင်ပေးပါ။ ကလေးတွေက စက်ဘီး၊ စကူတာနဲ့သုံးဘီး စက်ဘီးတွေစီးတတ်အောင်သင်ရတာကို သဘောကျတတ်ကြတာကြောင့် ကလေးကို စက်ဘီး၊စကူတာနဲ့ သုံးဘီးစက်ဘီးတွေစီးတတ်အောင်ကိုယ်တိုင်သင်ကြားပေးပါ။ ကစားစရာ အရုပ်ကားလေးတွေ ၊အရုပ်လက်တွန်းလှည်းလေးတွေ၊ ကစားစရာမြက်ရိတ်စက်လေးတွေလိုမျိုး တွန်းပြီးဆော့ရတဲ့ ကစားစရာတွေနဲ့ပေးကစားပါ။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ၊ ရေးသားသူ Aye Thi Mon