ခန္တီး  ၃၀  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာ  ၂၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

ရှေးဦးစွာ ခန္တီးခရိုင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးလှမျိုး က အဖွင့်အမှာစကား ပြောကြားပြီး ခန္တီးခရိုင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်ခင်ဌေးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများအား ပါဝါပွိုင့်ဖြင့် တက်ရောက်လာသူများသို့ အသိပေး ရှင်းလင်းတင်ပြသည်။

 

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အချက်အလက်များအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြ သော်လည်း မိမိမှတ်တမ်းစာအုပ်ထဲတွင် မှတ်သားမမှီနိုင်ကြောင်း မိမိဒေသ ကျေးရွာ၌ ပြန်လည်ချပြရှင်းလင်းတင်ပြရာတွင် ခက်ခဲရှိသောကြောင့် အဆိုပါ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ အချက်အလက်များအား မိတ္တုရယူလိုကြောင်း ဒေသခံ ဦးအားဖူ ကပြောသည်။

 

မြို့နယ်အတွင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများအဖြစ် ရပ်ရွာလူထုများအား အသိပညာပေးခြင်း၊ စွမ်းရည်မြှင့်တင်မှုများ ဆောင်ရွက်ခြင်း၊ ကလေးငယ်များ၏ အသံအား နားထောင်ပြေးခင်း၊ မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ပူးပေါင်း၍ ကလေးသူငယ်များ အခွင့်အရေးများနှင့်ပတ်သက်သည့် လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ အထူးသဖြင့် ယခုလက်ရှိမှာ ကလေးများအားရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်ဖို့ မြို့နယ်အတွင်းလှုပ်ရှားမှုများ ဆောင်ရွက်နေကြာင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ခင်ဌေးက ထပ်ဆင့်ရှင်းလင်းပြသည်။

 

အဆိုပါ ကလေးသူငယ်အခွင့်အရေးများအား ကမ္ဘာပေါ်ရှိ ကလေးသူငယ်များ အသက်ရှင်သန်မှုဆိုင်ရာ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ၊ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ၊ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေးများ တစ်ပြေးညီ ရရှိရေး ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်း အကူအညီဖြင့်  ကမ္ဘာနှင့်တစ်ဝှမ်း နိုင်ငံတိုင်းတွင် အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

 

ချန်လော (ခန္တီး)