ကလေး      မေ     
 

ကလေးတက္ကသိုလ်တွင် နည်းပြ/သရုပ်ပြ သစ်လွင် ဆရာ၊ ဆရာမ ၂၆ ဦး အား ကြိုဆိုပွဲအခမ်းအနားကို မေ ၆  ရက် နံနက်ပိုင်းက ကလေးတက္ကသိုလ်ရှိ ကဘော်()ခန်းမတွင် ကျင်းပရာ ကလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာယောဟန်ထွန်းက ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ကလေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်နှင့် စီမံနှင့်ဘဏ္ဍာရေးရာဌာနမှူးတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

 

အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဘာသာရပ်အလိုက် သက်ဆိုင်ရာ ပါမောက္ခများ၊ ကလေးတက္ကသိုလ်မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် သစ်လွင်ဆရာ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ကလေး(ပြန်/ဆက်)