ကလေးဝကျောက်မီးသွေးတွင်း မီးလောင်မှုဖြစ် လူ(၅)ဦး မီးလောင်ဒဏ်ရာများရရှိ

ကလေးဝ  ၂၀   မေ 

 


စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာအုပ်စုအတွင်းရှိ ထူးဟန်သစ်ကျောက် မီးသွေးကုမ္မဏီမှ တူးဖော်လုပ်ကိုင်လျက်ရှိသော တွင်းအမှတ်(၂)၏ အတွင်းပိုင်း ပေ(၅၀ဝ) အကွာတွင် မေ(၁၉)ရက် ညနေ(၅)နာရီခန့်တွင် မိုင်းဖောက်ခွဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ကျင်းအတွင်းရှိ မြန်မာအမျိုးသား(၄)ဦးနှင့် တရုတ်နိုင်ငံသား တစ်ဦးတို့ မီးလောင်ဒဏ်ရာများရှိခဲ့ကြောင်း သိရသည်။

 


မီးလောင်မှုဖြစ်ပွားရခြင်းမှာ မိုင်းဖောက်ခွဲသည့်အပူရှိန်နှင့် ကျောက်မီးသွေးမိုင်းအတွင်းရှိ မီသိန်းဓာတ် ငွေ့တို့ထိတွေ့ကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 


မီးလောင်မှုဖြစ်ပွားခြင်းကြောင်း မိုင်းတွင်းသို့ ရောက်ရှိလျက်ရှိသည့် မြန်မာနိုင်ငံသားများဖြစ်သည့် ဦးစိုးအောင်(ဘ)ဦးထွန်းကျော် (စခန်းကြီးကျေးရွာ၊ကလေးမြို့နယ်)၊ ဦးမျိုးသန့်ထွန်း (မှန်ပင် ကျေးရွာ၊ ကလေးဝမြို့နယ်)၊ ဦးမင်းခန့် (စခန်းကြီးကျေးရွာ၊ ကလေးမြို့)၊ ဦးပြည့်ဖြိုးအောင် (ရှမ်းအင်းကျေးရွာ၊ ကလေးဝမြို့)၊ ဦးမောင်ကျော် (မှန်ပင်ကျေးရွာ၊ကလေးဝမြို့)နှင့် တရုတ်နိုင်ငံသား Mr.Cao Shoutuan တို့မှာ မီးလောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ကလေးဝမြို့နှင့်ကလေးမြို့တို့ရှိ ပြည်သူ့ဆေးရုံများသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။

 


မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့်ကော်မတီဝင်များ၊ မြို့နယ်မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများမှ သွားရောက်ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

 


ဝင်းဦး(ဇေယျာတိုင်း)