ကလေးဝ   ဒီဇင်ဘာ   ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲကို ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်သည်။

အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပရာတွင် ပညာရေးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ခွဲ၍ ကျောင်းသား ကျောင်းသူများက ဖြေဆိုခဲ့ကြပြီး ဆုရရှိသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)