ကလေးဝမြို့အနီး အင်အား အနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်

နေပြည်တော် ၃၀ စက်တင်ဘာ

 

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ၇ မိနစ်၊ (၃၉)စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်ဘက် (၇၂)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကလေးဝမြို့၏ အရှေ့မြောက်ဘက်(၆)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၂၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၈)ဒီဂရီ၊ အနက်(၆၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

MDN