နေပြည်တော် ၂၁ ဧပြီ
ဧပြီလ (၂၁)ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ (၂၆)မိနစ် (၂၄) စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၆၇)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးဝမြို့၏ မြောက်-အရှေ့မြောက်ဘက် (၉) မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် (၂၃.၃၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၂)ဒီဂရီ၊ အနက် (၅၇)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၃.၆) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
MDN