ကလေးဝ ၁၅ မေ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ချင်းတွင်းမြစ်ရေသည် ယခုမေလအတွင်း၌ အနိမ့်ဆုံး ရေအမှတ် ၁၇၃ စင်တီမီတာသို့ ရောက်ရှိခဲ့ကြောင်း ကလေးဝမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရုံးမှ သိရသည်။
ကလေးဝမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရုံး၏ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေ သည် မေလအတွင်း၌ ၁၇၃ စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး မေလ ၆ ရက်နေ့က မိုးရွာသွန်းမှုကြောင့် ၃ ပေကျော် ခန့်မြင့်တက်လာ၍ ချင်းတွင်းမြစ်အတွင်း သွားလာနေသော ကုန်တင်ရေယာဉ်နှင့် ခရီးသည်တင် အမြန်ရေယာဉ်များ အဆင်ပြေစွာ သွားလာမောင်းနှင်နိုင်ပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်လာခဲ့သည်။
ကလေးဝမြို့၏ စံချိန်တင်အနိမ့်ဆုံး ချင်းတွင်းမြစ် မြစ်ရေအမှတ်အနေနဲ့ ၁၉၉၅ ခုနှစ် ဧပြီလ ၁ ရက်နေ့က ၈၀ စင်တီမီတာထိ ရောက်ရှိခဲ့ကြောင်း မြို့နယ်မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက မြို့နယ်ဦးစီးမှူးဦးအောင်ဆွေထံမှ သိရသည်။
သက်ဟန်(ကလေးဝ)


