ကလေး ၁၁ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ ပြည်သူ့ဆေးရုံ အဆောက်အဦသစ် ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁၁ နာရီက ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်သူ့ဆေးရုံ အဆောက်အဦသစ်ကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်နှင့် မြို့မိမြိုဖ ဦးဘိုထိန်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ကလေးဝမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ကလေးဝမြို့ ပြည်သူ့ဆေးရုံ အဆောက်အဦသစ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆေးရုံအတွင်းရှိ တီဗီဓာတ်မှန်ရိုက်ခန်းများ၊ ဆေးပစ္စည်း သိုလှောင်ခန်းများ ပြည်စုံမှု ရှိမရှိတိုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးကာ ဖျာနာကုသမှု ခံယူနေသော လူနာများအား အဟာရ အစားအစာများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)