ကလေးဝ ၂ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် လယ်ကြီးတောကျေးရွာနှင့် မှန်ပင်ကျေးရွာတို့အား ၂၄ နာရီ ကျေးလက်မီးလင်းရေးအတွက် လျှပ်စစ်မီတာတပ်ဆင်ခြင်းကို ယမန်နေ့က မြို့နယ်စီမံခန့် ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ၂၄ နာရီ ကျေးလက်မီးလင်းရေး လုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သဖြင့် စက်တင်ဘာ ၂၈ ရက်မှ စတင်၍ Type-3 အမျိုးအစား လျှပ်စစ်မီတာ တပ်ဆင်ခြင်းကို လယ်ကြီးတော ကျေးရွာတွင် ၇၅ လုံး၊ မှန်ပင်ကျေးရွာတွင် ၂၅ လုံး တပ်ဆင်ခဲ့ရာ ယမန်နေ့ ညနေတွင် ဆောင်ရွက်ပြီးစီးခဲ့သဖြင့် အဆိုပါ ကျေးရွာအား ည ၇ နာရီတွင် ၂၄ နာရီ လျှပ်စစ်ဓာတ်အားလွှတ်ပေးခဲ့ကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးထွန်းထွန်းနိုင်ထံမှ သိရသည်။
သက်ဟန်(ကလေးဝ)